Showing posts with label Modern Poem. Show all posts
Showing posts with label Modern Poem. Show all posts
Tuesday, July 12, 2011
နောက်ဆုံးနေ့ရက်ဆီသို့
Digital Art by Eraxer
Please click on photo to ENLARGE!
“ နောက်ဆုံးနေ့ ရက်ဆီသို့ ”
ကက် (ပ်) လာ တယ်လီစကုပ် အစွမ်းနဲ့ 
အိပ် (က်) ဇိုပလန်းနက်ရှာဖို့ 
ဟိုအဝေး ကြယ်စင်တွေဆီ လှမ်းထွက်လာ
မာယန်ပြက္ခဒိန်မှာတော့ ဆန်းလဂ်မသာ
အင်အားပြင်းငလျင်တွေ အရမ်းသွက်ခါ
မီးတောင်ပြာပူနဲ့ ချော်ရည်တွေပန်းအထွက်မှာ
ဆူနာမီ မရဏလှိုင်းတွေလည်း ကမ်းတက်လာပေါ့။
ကာဗွန်ထုတ်လွှတ်မှု အကျိုးဆက်
ဖန်လုံအိမ် အာနိသင် သက်ရောက်
အိုဇုန်းလွှာ ပါးလျ ပေါက်ပြဲ
ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနောက်
ပျောက်ဆုံးနေဆဲ ဂေဟစနစ်မှာ အပူလွန်ကဲလာ
အမှောင်ထုဖြစ်လာတော့မယ့် တတိယထောင်စုနှစ်ကမ္ဘာ
ဒဏ္ဍာရီ ဆန်ဆန် ဒူး(မ်)(စ်)ဒေးဟာ
အထူးမဝေးတော့ တဲ့အခါ
ခိုတွယ်စရာရှားလာတဲ့ ဂလိုဘယ်ရွာသားတွေမှာတော့
အစိမ်းရောင် အိပ်မက်ကို အသက်သွင်း
ပတိရူပ မနက်ခင်းကို ဖန်ဆင်းလို့ 
မျှော်လင့်ခြင်းတွေနဲ့ ခရီးဆက်ရင်းသာ။
- မင်းသက်စံ -
Twitter Delicious Facebook Digg Stumbleupon Favorites More